
Friday, May 17, 2013
http://www.facebook.com/myanmarcarmarket
Swizz Beatz နှင့် Ferrari Swizz Beatz ဆိုတာ အသက် ၃၄ နှစ်အရွယ်ရှိပြီဖြစ်တဲ့ အမေရိကန်က ဟစ်ဟော့ ဂီတသမား တစ်ဦး ဖြစ်ပါတယ်။ အမည်ရင်းကတော့ Kasseem David Dean ဖြစ်ပါတယ်။ စင်ပေါ်အမည် Swizz Beatz ကိုပဲ ပိုလူသိများပါတယ်။ သူစီးတဲ့ ကားလေးကတော့ အဝါရောင်ပါ။ Ferrari 458 Italia ဖြစ်ပါတယ်။ ကာလတန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ ၃ သိန်းအထက် ပေါက်ဈေးရှိတဲ့ အီတလီပြိုင်ကား ဖြစ်ပါတယ်။ လက်တလော Instagram မှာ တင်ပြီး ကြွားလိုက်တဲ့ကား ဖြစ်ပါတယ်။ Swizz Beatz မှာ Ferrari တင်မကပဲ Lamborghini ကားတစ်စီးပါ ပိုင်ဆိုင် ထားသေးကြောင်း သိရပါတယ်။

Subscribe to:
Post Comments (Atom)
No comments:
Post a Comment